Local News

မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံထုတ်လုပ်မှုမြင့်မားရေး အထူးဇုန်နှစ်ခု သတ်မှတ်မည်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆီထွက်သီးနှံ ထုတ်လုပ်မှုမြင့်မားရေးအတွက် အထူးဇုန် ၂ ဇုန် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီ စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။ ဒီလိုဆောင်ရွက်ရာမှာ ဇုန် ၁ မှာ မကွေး၊ ချောက် နဲ့အောင်လံခရိုင်၊ ဇုန်၂ မှာ မင်းဘူးနဲ့သရက်ခရိုင်တို့ ပါဝင်ပြီး အဲဒီဇုန်နှစ်ခုကို ခရိုင် ၅ ခရိုင်အတွင်းက မြို့နယ် ၁၇ မြို့နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဲဒီဇုန်တွေထဲမှာ ဆီထွက်သီးနှံစုစုပေါင်းလျာထား ဧက၂၄ သိန်းကျော်ကို လျာထားဆောင်ရွက်သွားမှာဖြစ်ပြီး မြေပဲ၊ နှမ်းနဲ့နေကြာတွေကို စိုက်ပျိုးသွားမှာဖြစ်တယ်လို့ သိရှိရသည်။

မိုးဦးကာလမှာ နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး ယခုနှစ်တွင် နှမ်းစိုက်ဧက ၁၂ သိန်းကျော် စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှမ်းစိုက်ပျိုးရာမှာလည်း အထွက်နှုန်းမျိုးကောင်းတွေဖြစ်တဲ့ ဆင်းရတနာ ၃၊ ဆင်း ရတနာ ၄  စတဲ့မျိုးတွေကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံတွေ တစ်ဧက တင်း၂၀ ထွက်ရှိနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနကနေ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးရေးနဲ့ နည်းပညာပေးရေးတွေကို ဆောင်ရွက်နေကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံတွေအပြင် စပါး၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်း သီးနှံဝါနဲ့ တခြားသီးနှံတွေကို စိုက်ပျိုးကြတယ်လို့ သိရှိရသည်။
Source: https://onenewstvchannel.com/

 

Category: Local News